ကျွန်းလှ၌ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကျွန်းလှ ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်၊ စိန်ပန်းပြာလမ်း အား လမ်းပေါက်ဖာခြင်းနှင့် ရေပိတ်လွှာကတ္တရာလောင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  သိရသည်။

အဆိုပါ အရှည် ၁၉၁၀၊ အကျယ် ၁၂ ပေ လမ်းဖောက်ဖာခြင်းနှင့် ရေပိတ်လွှာ ကတ္တရာလောင်း ခြင်းကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကတ္တရာတန် ၄ဒ သမ ၁၅ တန်နှင့် အလှူရှင် ပျဉ်းမမြိုင်ရပ်ကွက်နေ ဦးဟန်သိန်း (ရွှေပန်းတိမ်)တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးစိုးထိုက်က ပြောကြားသည်။

မျိုးဝင်းညို