မော်လမြိုင်ကျွန်း ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်း ဆင်းပြိုင်ပွဲကိုမြို့နယ်မိုးလုံလေလုံ အားကစားရုံ၌ ယနေ့နံနက် (၉)နာရီ အချိန်က ဆောင်ရွက်သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင်ဘောလုံး၊ ရိုးရာခြင်း၊ မြန်မာသိုင်း၊ လက်ဝှေ့၊ ပြေးခုန်ပစ်စသည့် အားကစား နည်း(၅)မျိုးကို လက်တွေ့လေ့ကျင့်သရုပ်ပြသခြင်း၊ ထူးချွန်အားကစားသမားများမှ တစ်ဦးခြင်း လက်တွေ့ပြသခြင်းနှင့် သင်တန်း၌ ဆုရအားကစားသမားများနှင့် နည်းပြဆရာများအား ဆုများ ချီးမြှင့်ခြင်း၊ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ၂၆-၃-၂၀၂၂ ရက်နေ့မှ ၈-၄-၂၀၂၂ ရက်နေ့အထိ နှစ်ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတက်ရောက်သင်ကြားသူ ကျား၊ မ စုစုပေါင်း (၁ရ၀)ဦးခန့်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းစေ ရေး၊ နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာ အားကစားနည်းပြများက အားကစား အမျိုးအစားအလိုက် စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်ထံမှ သိရသည်။
အောင်အောင် (ပြန်/ဆက်)