ဇီးကုန်း ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ညနေက ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးရုံးခန်း၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမြတ်ထွေးနှင့် ဝန်ထမ်းများသည် ဧပြီလ ၈ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် မီးကောက်ပင်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာနှင့် ဘော်ဘင်ကျေးရွာအုပ်စု၊ ဘော်ဘင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ပြိုလဲနေအိမ် (၃)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၈၅,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁၁)စုရှိ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၈,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၇၃,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး(၃)ပုံးအား ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)