ရေကြည်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အဦ(၂)ခုနှင့် ကျေးရွာနေအိမ်(၄)အိမ်အတွက် ကွင်းဆင်းထောက်ပံ့

ရေကြည်    ဧပြီ     ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ၌ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်း၍ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦ(၁)လုံး၊မူလတန်းလွန်ကျောင်း (ဝန်ထမ်းအဆောင်) (၁)ဆောင် အမိုးလန်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်(၂)လုံး ပြိုပျက်၊ နေအိမ်(၁)လုံးအမိုးလန်ပျက်စီးနှင့် အကာပွင့်ပျက်စီးနေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၄)လုံးနှင့် ဌာနဆိုင်ရာအဆောက်အဦ(၂)လုံး လေဘေးသင့်ပျက်စီးခဲ့သည့်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ လေဘေးသင့်ဌာနဆိုင်ရာ အဆောက်အဦ(၂)လုံးနှင့် ကျေးရွာလူနေအိမ်(၄)လုံး အတွက် ဧပြီလ ၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးမြင့်အောင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအဖွဲ့တို့ ပါဝင်သော အဖွဲ့မှ ကွင်းဆင်း၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ (ပြင်/ထိန်း) လုပ်ငန်းအတွက် ထောက်ပံ့ငွေ (၁၈)သိန်း၊ မူလတန်းလွန်ကျောင်း (ဝန်ထမ်းအဆောင်) (ပြင်/ထိန်း) လုပ်ငန်းအတွက် ထောက်ပံ့ငွေ (၅၃၀,၀၀ဝိ/)တို့ကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများထံသို့ ကွင်းဆင်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါကျေးရွာအုပ်စုရှိ လေဘေးသင့်ပြိုပျက်နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်းငွေကျပ် (၂၁၈၉၀ဝိ/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါပုံး (၁)ပုံးစီကို လည်းကောင်း၊ အမိုးလန်ပျက်စီးနှင့် ဘေးအကာပွင့်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ်(၉၈,၉၀ဝိ/)ကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများက လေဘေးသင့်နေအိမ်(၄)လုံးရှိ အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)