ရွှေတောင် ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကျွန်းကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စု၊ ကွေ့မကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၅၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ကျောက်ထရံအုပ်စု စစ်ကုန်းကျေးရွာနှင့် ကွင်းယားကြီးကျေးရွာအုပ်စု ကွင်းယားကြီးကျေးရွာတို့တွင် လူနေအိမ် (၂)လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေးနှင့် နေအိမ်အမြန်ဆုံးပြုပြင်နိုင်ရေး အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူ / တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ကိုကိုမင်း