ပန်းတောင်း ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာ၌ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းလွင်မှ မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဒုတိယတိုင်းဒေသကြီး ဦးစီးမှုးနှင့်ဒုတိုင်းရုံးအဖွဲ့၊ မြို့နယ်အဖွဲ့တို့တတ်ရောက်ခဲ့ပြီး၊ မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)