ပလောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ် သင်တန်းဖွင့်လှစ်

ပလောက် ဧပြီ ၁၀

တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်ခရိုင်၊ ပလောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက အေရိုးဗစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

သင်တန်းတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နှင်းမြူလွင်က လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရေး၊ ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် အေရိုးဗစ်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက အေးရိုး ဗစ်သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နည်းပြဆရာမက အေရိုးဗစ်ကကွက်များ ဆက်လက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၁၅)ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ(၉)ရက် နေ့မှ(၁၀)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

နှင်းမြူလွင်