ကံမမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကံမ ဧပြီ ၁၀

မကွေးတိုင်းဒေသကြီးသရက်ခရိုင် ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက် မြို့လယ်လမ်းဆုံ နေရာတွင်ဗဟိုမဏ္ဍပ် တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း ယိမ်းအကအဖွဲ့များ ဖျော်ဖြေရေး အစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက် ထားကြောင်းသိရသည်။

ကံမမြို့နယ်တွင် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဗဟိုရေကစားမဏ္ဍပ်၌ယိမ်းအဖွဲ့များက အလှည့်ကျက ပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ဖော်ဖြေခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့တွင် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ခြင်းများနှင့် သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)