ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရေကြည် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဘောလုံး ၊ ကရာတေး ၊ မြန်မာ့သိုင်း ၊ ရိုးရာခြင်း ၊ ပြေးခုန်ပစ် ၊ အေရိုးဗစ် / Finesse Dance၊ ကြက်တောင်စသည့် အားကစားသင်တန်းများတွင် တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ပြီးသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားနည်း(၇)မျိုး သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာများတက်ရောက်ခဲ့ကြပြီး Finesse Dance အဖွဲ့မှအကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)