လက်ပံတန်းမြို့၌ (၉၆)ကြိမ်မြောက် မဟာဒုက်ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲပြုလုပ်

လက်ပံတန်း ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာ မဟာဒုက်ဆွမ်းဆန်စိမ်းဝေယျာဝစ္စအသင်းကြီး၏ (၉၆)ကြိမ်မြောက် မဟာဒုက်ဆွမ်းဆနိစိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက မင်းရပ်ရပ်ကွက် (၃)လမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လောင်းလှူပွဲကို လက်ပံတန်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင် တိုက် စုစုပေါင်း(၁၆၁) ကျောင်းကို ပင့်ဖိတ်၍ နှစ်စဉ်မပျက်လောင်းလှူခဲ့ရာ(၉၆)ကြိမ်ရှိခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများ၊ သေခံအလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းများ လောင်းလှူခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)