ရေနံချောင်းမြို့နယ် စမ်းကန်ကြီးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇) လုံးပျက်စီး

ရေနံချောင်း  ဧပြီ   ၉

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ စမ်းကန်ကြီးကျေးရွာတွင် ယနေ့နံနက် နံနက် ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃) လုံး ပြိုကျပျက်စီးခဲ့ပြီး (၄) လုံးမှာ အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် စမ်းကန်ကြီးကျေးရွာ အိမ်ထောင်စု ၇ စုမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ ဘေးသင့်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ဒေသခံပြည်သူများက ၎င်းတို့ ဆွေးမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့ထားရှိပြီး လိုအပ်သည်များပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)