ရေတာရှည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းများ  ထိခိုက်ပျက်စီး

ရေတာရှည်   ဧပြီ   ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ပြိုလဲ  ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ အမှတ်(၁) ရပ်ကွက်တွင်   နေအိမ်(၂) လုံး၊ အမှတ်(၆) ရပ်ကွက်တွင် နေအိမ်(၁) လုံးအမိုးလန်ကျခဲ့ပြီး (၆) မိုင်ကျေးရွာတွင် ဂိုထောင်တစ်လုံးပြိုလဲခြင်း၊ ခင်တန်းကြီး ကျေးရွာအုပ်စုတွင် နေအိမ်(၂) လုံး၊ မိကျောင်းအိုင်ကျေးရွာအုပ်စုတွင် နေအိမ် (၃) လုံး၊ ညောင်ပင်သာကျေးရွာအုပ်စုတွင် နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခြင်း၊ ဆွာတောင်ပိုင်းရပ်ကွက်တွင် နေအိမ် (၁) လုံး၊ ကုန်းကြီးကျေးရွာအုပ်စုတွင် နေအိမ်(၁) လုံးပြိုလဲခဲ့ပြီး နေအိမ် (၇)လုံး အမိုးလန်ပျက်စီးခြင်း၊ ငါးကြီးကွေ့ကျေးရွာအုပ်စုတွင် နေအိမ်(၁) လုံးပြိုလဲပြီး နေအိမ် (၇)လုံး အမိုးလန်ပျက်စီးခြင်း၊ သာဂရေကျးရွာအုပ်စုတွင် နေအိမ်(၄) လုံး ပြိုလဲပြီး နေအိမ်(၁၂) လုံး အမိုးလန် ပျက်စီးခြင်း၊ ကန်ကြီးကျေးရွာ အလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင် ရှေ့ပေါ်တီကို ပျက်စီးခြင်း၊ သိုင်းဝကျေးရွာအုပ်စုတုံးကြီး ကျေးရွာ မူလတန်းလွန် စာသင်ကျောင်း RC စာသင်ဆောင် မျက်နှာကျက်နှင့် ရေတံလျှောက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)