သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုလဲပြီး နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီး

သဲကုန်း   ဧပြီ   ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုလဲပြီး နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်(၄) တပ်ရွာထိပ်ရှိ သီတဂူ Quarantine Center သွပ်မိုးလန်ကျကာ ဆိုင်းဘုတ်ပြုတ်ကျပြီး သံပန်းတံခါး ပြုတ်ထွက်သွားကြောင်း၊ ၎င်းအပြင် ရပ်ကွက်(၄)ရှိ နေအိမ် (၂)လုံးပြိုလဲကာ နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူတိရစ္ဆာန်ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ လေဘေးသင့်ပြည်သူများ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှု ကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)