ပေါက်ခေါင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃၅)လုံး အမိုးလန်ပြီး(၁)လုံးပြိုလဲပျက်စီး

ပေါက်ခေါင်း    ဧပြီ    ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်(၃၅)လုံး အမိုးလန ပျက်စီးပြီး နေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်လည်ကျေးရွာတွင် နေအိမ် (၁)လုံး ပြိုလဲပြီး နေအိမ်(၁၇)လုံး၊ တောင်နံ့သာကျေးရွာတွင် လူနေအိမ်(၃)လုံး၊ ချောင်းဖြောင့် ကျေးရွာတွင် လူနေအိမ်(၄)လုံး၊ လှည်းကူးကျေးရွာတွင် လူနေအိမ်(၁၁)လုံး စုစုပေါင်း လူနေအိမ် (၃၅)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ လေဘေးသင့်အိမ် ထောင်စုဝင်များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများကပြန်လည်နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)