ပေါက်ခေါင်း ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် တောင်လည်ကျေးရွာ၊ ချောင်းဖြောင့်ကျေးရွာ၊ လှည်းကူးကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ရှိ လူနေအိမ်များ အမိုးလန်ပြိုလဲခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ နေအိမ်ပြိုလဲပျက်စီး အမိုးလန်နေအိမ်များ ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေ လုံခြုံရေးတပ်ဖွဲ့များနှင့် တောင်လည်နယ်မြေမီးသတ်ခန်းမှ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ က ယနေ့ နံနက်ပိုင်းက ပြန်လည်ထူထောင်ပြုပြင်ရေးလုပ်ငန်းများနှင့် နေအိမ်များနှင့်လမ်းများ ပေါ်သို့ လဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို ကျေးရွာ ပြည်သူများနှင့် အတူ ဆောင်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)