သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ အုပ်စုတို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုလဲခြင်း၊ အမိုးလန်ခြင်များ ဖြစ်ပွား

သာပေါင်း   ဧပြီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စုတို့၌ ယမန်နေ့ညနေ ၃ နာရီခွဲခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကညင်ပင်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ်(၁)လုံး၊ ခတ္ထိယကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံးတို့ ပြိုကျပျက်စီးခဲ့ပြီး ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး သွပ်များ အမိုးလန်ပျက်စီးခဲ့သည်။

မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲပျက်စီးခဲ့ရသည့် နေအိမ်များမှ မိသားစုများအား

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးမြစိန်မိသားစု(၂)ဦးနေထိုင်ရာအိမ်(၁)လုံးပြိုလဲ၊ ဦးပီတာ မိသားစု(၆)ဦး နေထိုင်ရာအိမ်(၁)လုံးပြိုလဲ၊ ဒေါ်အုန်းဆင့်မိသားစု(၂)ဦးနေထိုင်ရာ အိမ်(၁)လုံး ပြိုလဲ၊ ဒေါ်သီတာဦးမိသားစု(၁)ဦး နေထိုင်ရာအိမ်(၁)လုံးပြိုလဲ၊ ဦးစောဦးမိသားစု (၂)ဦးနေထိုင်ရာအိမ် သွပ်မိုးများ လန်၍ပျက်စီးဆုံးရှုံးခဲ့ရသော မိသားစုများအား မြို့မရဲစခန်း ဒုရဲအုပ်အောင်မိုးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများမှ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

မျိုးဇော်သိန်း(သာပေါင်း)