ရေတာရှည် ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သပြေတန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းတိုက်အဝင် မုခ်ဦး ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်း မုခ်ဦးကို ပိတောက်ခင်ကျေးရွာအုပ်စု၊ သဲကောကျေးရွာနေ၊ ဦးဌေးလွင်+ဒေါ်တင်စိန်တို့မှ ငွေကျပ်သိန်း (၅၀)ကျော်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်သန်းမြင့်၊ မြို့နယ်ရဲမှူး ဌေးဝင်းအောင်နှင့် မုခ်ဦးအလှူရှင် ဦးဌေးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)