ဂန့်ဂေါ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသစ်များ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီက ကျင်းပရာ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း (၁/၂၀၂၂)တွင် သင်တန်းထူးချွန် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရ သင်တန်းသား/ သူများအား သင်တန်းထူးချွန်ဆုချီးမြှင့်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့က သင်တန်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းသို့ အသစ်ခန့်အပ်သည့် အမှုထမ်းသစ်များဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ (၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၉)ဦးတို့ တက်ရောက်ကြ၍ သင်တန်း ကာလမှာ မတ်(၂၈)ရက်နေ့မှ ဧပြီ(၈)ရက်နေ့အထိ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)