ကော့သောင်း ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အသက် ၅၀ နှစ်နှင့် အထက် သက်ကြီးရွယ်အို မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်း မြို့၊ မဉ္ဇူသကပြည်သူ့ခန်း၌ ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းက အိန္ဒိယ နိုင်ငံထုတ် Covishield ဆေး အမျိုးအစားနှစ်ကြိမ် ထိုးနှံပြီးထားသူများကို ထပ်မံ၍ (Covaxin) ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်ဆေးအမျိုးအစား နှစ်ကြိမ် ထိုးနှံပြီးသူများကို အိန္ဒိယနိုင်ငံထုတ် Covishield အမျိုးအစားကို တတိယအကြိမ်အဖြစ် အသီးသီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကာကွယ်ဆေး Booster (ထပ်ဆောင်ထိုးနှံမှု) လုပ်ငန်းများကို ဒုတိယကြိမ် ဆေးထိုးနှံပြီးသူ အသက်(၅၀)နှစ် သက်ကြီးရွယ်အို မြို့နေပြည်သူများကို ရပ်ကွက်အလိုက် အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)