ရွှေတောင် ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို သက်ဆိုင်ရာဌာနများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းယားကြီး ကျေးရွာအုပ်စု၊ ဖောင်းဖြူကျေးရွာရှိ တောင်သူများထံအရောက် ကွင်းဆင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်ရဲထိုက်ကက ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေးဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြရန်နှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် အခြားကျေးရွာ(၁၀)ရွာတွင်လည်း အသိပညာပေး ဟောပြော သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်မြမြသွင် ဒုတိယဦးစီးမှူးနှင့် အဖွဲ့က မိုးနေကြာ မျိုးစေ့ထုတ်လုပ်နည်း၊ EM ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်ဝင်းက နွားမွေးမြူခြင်း၊ ဆိတ်မွေးမြူခြင်းလုပ်ငန်းကို တိုးချဲ့ မွေးမြူလုပ်ကိုင် ကြရန်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းနိုင်က လယ်ယာမြေ၏အဓိပ္ပာယ်၊ ပုံစံ(၇) လျှောက်ထားခြင်း၊ ပျက်စီး၊ ပျောက်ဆုံးခြင်း၊ မြေလွတ်မြေရိုင်း လျှောက်ထားနည်းနှင့် ပတ်သက်၍ ဌာနအလိုက် အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်