ပေါင်းတည် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးများနှင့် လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးအတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ စုပေါင်းလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်တတ်စေရန်၊ စာပေဖတ်ရှုလိုစိတ် မြင့်မား လာစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ကာယဉာဏ် စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးဆင့်က ပြိုင်ပွဲများကျင်းပပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာဖတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မူလတန်းဆင့်ကျောင်းသား/သူ(၈)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့သည်။
ပေါင်းတည်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေမည့် သင်တန်းများနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးဆင့်(ပြန် /ဆက်)