ကန့်ဘလူ ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဧပြီ ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲက တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုပြီးသော ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ကျောင်းသားကျောင်းသူများကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုကျောင်းဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ပေါ်ရှိစာစစ်ဌာန နှစ်ခုရှိစာရင်းကောက်ယူမှုအရ ကျောင်းသား/ကျောင်းသူ ၄၂ ဦးရှိပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ စနစ် တကျထိုးနှံပေးလျက်ရှိသည်။ ယင်းကျောင်းသားကျောင်းသူ ၄၂ ဦးလာရောက်ထိုးနှံပြီးသည် အထိစောင့်ကာထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)