လက်ပံတန်းမြို့နယ်ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲများ ဖြေဆိုပြီးစီး

လက်ပံတန်း ဧပြီ ၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲများမှ သမိုင်းဘာသာရပ်ကို လက်ပံတန်းမြို့   စာစစ်ဌာန (၄) ခုတွင် ယနေ့ နံနက်ပိုင်းက   စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် အ.ထ.က (၁) လက်ပံတန်း၊ အ.ထ.အ သာရဝေါ၊ အ.ထ.က ဇီးဖြူကုန်းနှင့် အ.ထ.က ခမုံဆိပ် စာစစ်ဌာန (၄) ခု ရှိပြီး ယနေ့  သမိုင်းဘာသာရပ်တွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ (၁၈၁) ဦးရှိရာ ယနေ့တွင် လာရောက် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၆) ဦး ဝင်‌ရောက်ဖြေဆိုပြီး၊ ပျက်ကွက်သူ ကျောင်းသား (၁၁) ဦးနှင့် ကျောင်းသူ (၁၄) ဦး၊ စုစု‌ပေါင်း (၂၅) ဦးရှိပြီး ဖြေဆိုသူ ၈၆.၁၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)