ကျွန်းလှ ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၃၁)ရက်နေ့ကစတင်ပြီး သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျင်းခဲ့ရာ ယနေ့ဧပြီ (၈)ရက်နေ့တွင် အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနနှစ်ခုဖြင့် ဖွင့်လှစ်ဖြေဆိုခဲ့ကြောင်း၊ စာမေးပွဲဖြေဆိုရန် ဝင်ခွင့်လျှောက်ထားသူ ၂၇၂ ဦးရှိကြောင်း၊ ကျောင်းသား ၁၀၆ ဦး၊ ကျောင်းသူ ၁၄၀ ဦး၊ စုစုပေါင်း ၂၄၆ ဦး ၉၀ဒသမ၄၄ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)