ရွှေသောင်ယံ၌ နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ကို ဗစ်-၁၉‌ ရောဂါစစ်ဆေးရေးဂိတ်များအား စစ်ဆေးဆောင်ရွက်

ရွှေသောင်ယံ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝဂျိုင် ကိုဗစ် - ၁၉ စစ်ဆေးရေး ဂိတ်သို့ ယမန်နေ့နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်ကျော်နှင့် အဖွဲ့မှသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ​လျှော့ချနိုင်ရေးနှင့် နယ်မြေလုံခြုံရေး အတွက် ပင်လယ်ပြင် ဝင်ပေါက်၊ ထွက်ပေါက်များအား စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်များတွင် အဝင်၊ အထွက် အသွားအလာများကို ကြပ်ကြပ် မတ်မတ်စစ်ဆေးပြီး ကူးစက်ရောဂါ ပြန့်ပွားမှု မရှိအောင် လုပ်ဆောင်နေမှုများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကို​မောင်