ကဝ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သမိုင်းဘာသာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုခြင်းကို ကဝမြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း(၃)ခု ဖွင့်လှစ်ထားရှိပြီး ယနေ့ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသားကျောင်းသူပေါင်း (၁၉)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၁၅)ဦးရှိပြီးဖြေဆိုမှုရာခိုင်နှုန်း(၇၈.၉၅%)ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
သန်းသန်းဝင်း (ပြန်/ဆက်)