ရွှေကျင် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက စာရေးဆရာ မြင့်ကျော် (သိကြားတန်း)၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက္များနှင့် စာအုပ်၏အမှာစာကို ဖတ်ကြားပြီး (Book Club)အဖွဲ့ဝင် ဦးကျော်ရဲအောင်က စာအုပ် ခေါင်းစဉ်နှင့် ပတ်သက်၍ လည်ကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်သင်းသင်းခိုင်က စာအုပ်တွင်ပါရှိသော ခေါင်းစဉ် များနှင့် ပတ်သက်၍ ခြုံငုံဆွေးနွေးခြင်း၊ စာပေဝါသနာရှင် ဒေါ်အေးအေးနွယ်က စာအုပ်တွင်ပါရှိသော "ထာဝရကျေးဇူးရှင်(သို့) အရေးကြီးတော့ သွေးနီးကြပြီ"အခန်းကိုလည်ကောင်း၊ စာပေဝါသနာရှင် မဝါဝါအောင်က "ပြိုဆင်းရသောမျက်ရည်ပူများ" အခန်းကိုလည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏အနှစ်သာရများနှင့် လေ့လာမှတ်သားစရာ များကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းအားဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ တို့ကိုရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်