ဇီးကုန်းမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်းအချက်အလက် နိုင်(၄)မှတ်တမ်းများအား Computer ဖြင့်  Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်

ဇီးကုန်း ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌  နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက် အလက် နိုင်(၄)မှတ်တမ်းများအား Computer ဖြင့်  Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းခြင်းလုပ်ငန်းကို  ဧပြီလ (၄)ရက်နေ့မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားကိုယ်ရေးမှတ်တမ်းအချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer ဖြင့်  Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေး စာရင်းရေးသွင်းရန် (၈၂၀၂၅)နံပါတ်ရှိပြီး ယမန်နေ့အထိ (၂၃၃၆၄)နံပါတ် စာရင်းရေးသွင်းပြီးစီးပြီဖြစ်ကြောင်းနှင့် စာရင်းရေးသွင်းမှုကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၂၀)ဦး ကွန်ပျူတာ(၁၀)လုံးဖြင့် သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား eID စနစ်အတွင်းသို့ Computer  Software အသုံးပြု၍ စာရင်းရေးသွင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး အရာရှိ ဦးအောင်ကျော်မိုးတို့က လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)