နတ်တလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အားဖြေဆို

နတ်တလင်း   ဧပြီ    ၈

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၂)သမိုင်းဘာသာရပ်ကို နတ်တလင်းမြို့   စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက်  ၉  နာရီမှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် အ.ထ.က (နတ်တလင်း)၊ အ.ထ.က(တာပွန်)၊ အ.ထ.က(ဒမငယ်) စာစစ်ဌာနတို့တွင် ယနေ့သမိုင်းဘာသာရပ်ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား/သူ(၇၉)ဦးရှိရာ ယနေ့တွင်လာရောက်ဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း(၇၀)ဦး ဝင်‌ရောက်ဖြေဆိုပြီး၊ ပျက်ကွက်သူ ကျောင်းသား(၅)ဦးနှင့် ကျောင်းသူ(၄) ဦး၊ စုစု‌ ပေါင်း(၉)ဦးရှိပြီး ဖြေဆိုသူ ၈၈.၆၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)