ကသာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ

ကသာ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စကားပြော သင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ပြုလုပ်သည်။

အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အလယ်တန်း/အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား  မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စေတနာရှင် ဆရာမ ဒေါ်မေသက်ခိုင် က သင်ကြားပို့ချပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၂)ဦး တက်ရောက် ပညာသင်ယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)