မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(သမိုင်းဘာသာရပ်)ကို ကျောင်းသား/ ကျောင်းသူများ ဆက်လက်ဖြေဆို

မအူပင် ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ(သမိုင်းဘာသာရပ်)ကို ယနေ့၊ ဧပြီလ (၈)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဆက်လက် ဖြေဆိုလျက်ရှိ​သည်။

မအူပင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၂)ခုတို့တွင် သမိုင်းဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၈၄၀)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)