ညောင်တုန်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနှိုင်ရေးအတွက် ကျေးရွာအုပ်စုများရှိ ကာကွယ်ဆေးထိုးစုရပ်များသို့ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကွင်းဆင်းကြပ်မတ်၍ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)