ပန်းတနော် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး ရပ်ကွက်/ကျေးရွာများတွင် အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက အဖွဲ့အလိုက်ခွဲ၍ ရပ်ကွက် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး လာရောက်မထိုးနှံနိုင်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားကာ စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)