ငပုတော ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဧပြီလ ၁ ရက်နေ့မှစတင်၍ အ.လ.က-ရွှေမြကွင်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါမြေပြင်ရှိ လူဦးရေစာရင်းပြုစုရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ဌာနဆိုင်ရာများမှ မြေပြင်ရှိအမှန်လူဦးရေစာရင်းအား လိုက်လံပြုစုဆောင်ရွက်ခဲ့ကြပြီး၊ ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာများမှ စာရေးများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်းနှင့် စာရင်းရေးသွင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)