မြဝတီ ဧပြီ ၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း မတ်လ ၃၁ ရက်နေ့ မှစတင် ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၇၃ ဦး အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး မြဝတီမြို့ နယ်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် အခြေခံပညာ အထက်တန်း ကျောင်း၊ သင်္ဃန်းညီနောင်စာစစ်ဌာနနှစ်ဌာနဖြင့် ဖြေဆိုခြင်းဖြစ်သည်။
အဆိုပါ စာစစ်ဌာန နှစ်ဌာနတွင် ယနေ့သမိုင်းဘာသာရပ်ကို ကျောင်းသား ၃၈ ဦး၊ ကျောင်းသူ ၃၅ ဦး စုစုပေါင်း ၇၃ ဦး ဖြေဆိုခဲ့ရာ မြဝတီမြို့နယ်အနေဖြင့် ၉၂ ဒဿမ ၄၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)