ပန်းတနော် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် Myanmar Fitness Dance သင်တန်းသားများက ကပြဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ့ရိုးရာသိုင်း၊ ဘောလုံး၊ ရိုးရာခြင်း၊ အေရိုးဗစ်၊ ပြေးခုန်ပစ် စသည့် အားကစားနည်းသင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသားနှင့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ဆုရရှိသည့် သင်တန်းသား/သူ များကို ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၈ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ သင်တန်းသား သင်တန်းသူ (၁၅၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်မှူးဒေါ်သိမ့်သိမ့်နွေးထံမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)