ငါးသိုင်းချောင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယမန်နေ့ ညနေပိုင်းအချိန်က မိုးရွာသွန်းပြီး ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံးပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် ငါးသိုင်းချောင်းမြို့၊ မျက်တိုကျေးရွာအုပ်စု၊ တောင်ယာ တန်းကျေးရွာ၌ နေအိမ်(၁)လုံး၊ မယ်ဇလီကုန်းကျေးရွာ၌ နေအိမ် (၁)လုံး၊ မြို့သစ်ရပ်ကွက်၌ နေအိမ် (၁) လုံး စုစုပေါင်း နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့သည်။ နေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား တာဝန်ရှိသူများက ယာယီပြောင်းရွှေ့နေရာ ချထားပေးခဲ့ပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးခဲ့ကြောင်းနှင့် လူနှင့်တိရစာ္ဆန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
စိုးမင်းဦး(ပြန်/ဆက်)