ကရသူရိမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-8 ဆက်လက်ထိုးနှံပေး

ကရသူရိ ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-8 ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ တစ်ကြိမ်တစ်ခါ မှမထိုးနှံရသေးသူများ၊ ပထမအကြိမ်ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများကို အုပ်စုလိုက်ခွဲခြားပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကရသူရိမြို့ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ဒေသခံမိဘပြည်သူများ သတ်မှတ် ရက်အတွင်း ပြီးစီးအောင်ထိုးနှံနိုင်ရေး လျာထားမှုများ ဆောင်ရွက်ထားပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့များပူးပေါင်းကာ ကွင်းဆင်းထိုးနှံမှုများ ရှိကြောင်း ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း   မိမိတို့ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ဒေသခံ ပြည်သူများကိုလည်း   အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း     တိုက်နယ်တာဝန်ခံ ဆရာဝန်ကပြောကြားသည်။

ကရသူရိ (ပြန်/ဆက်)