ကျုံပျော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆို

ကျုံပျော် ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ သမိုင်းဘာသာရပ်‌ ဖြေဆိုနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၅.၄၈%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအုန်း‌ကျော်ထံမှ သိရသည်။

အဆိုပါဘာသာရပ်ကို ဖြေဆိုရန်ကျောင်းသား (၃၃၅)ဦး၊ ကျောင်းသူ (၄၁၈)ဦး စုစုပေါင်း (၇၅၃)ဦး စာရင်းပေးသွင်းခဲ့ပြီး၊ ယနေ့တွင် ကျောင်းသား (၃၁၅)ဦး၊ ကျောင်းသူ (၄၀၄)ဦး၊ စုစုပေါင်း(၇၁၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ၊ ကျောင်းသား (၂၀)ဦး၊ ကျောင်းသူ (၁၄)ဦး၊ စုစုပေါင်း (၃၄)ဦး ပျက်ကွက်ခဲ့ကြောင်း၊ စုစုပေါင်း (၉၅.၄၈%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသူများ စိတ်ချမ်း‌မြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံရေး‌ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ စာစစ်ဌာနအားလုံးတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိပဲ အဆင်ပြေချောမွေ့ခဲ့‌ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)