သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုပြီးစီး

သံတောင်ကြီး ဧပြီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်တွင်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၃)ခုဖြစ်သည့်အထက (ဘုရင့် နောင်)၊ အထက(လိပ်သို)၊ အထက(သပြေညွှန့်)တို့တွင် သမိုင်းဘာသာရပ်စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/ ကျောင်းသားစာရင်းရှိမှာ(၉၉)ဦးဖြစ်ပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ကျောင်းသား (၈၃)ဦးရှိကာ ပျက်ကွက်(၁၆)ဦးရှိသည့်အတွက် ဖြေဆိုမှု(၈၃.၈၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နော်နော်မူ