ဘားအံ မြို့နယ်၌  စာစစ်ဌာန  (၇) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်း ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ  ၁၉၇  ဦး ဖြေဆို

ဘားအံ ဧပြီ ၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ(၁၉၇) ဦး မှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ဖြေဆို ကြရမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူ (၁၂) ဦး၊ အ-ထ-က (၂)ဘားအံစာစစ်ဌာနကျောင်းသား/ကျောင်းသူ(၃၉) ဦး၊အ-ထ-က တောင်ကလေး စာစစ်ဌာနတွင်  ကျောင်းသား/ကျောင်းသူ (၂၇) ဦး၊ အ-ထ-က လှာကာ စာစစ် ဌာနတွင် ကျောင်းသား/ကျောင်းသူ (၈၆) ဦး၊ အ-ထ-က ထုံအိုင်း စာစစ်ဌာနတွင် ကျောင်း သား/ ကျောင်းသူ (၇) ဦး၊ အ-ထ-က အိန္နု စာစစ်ဌာန တွင် ကျောင်းသား/ကျောင်းသူ (၁၉) ဦး၊ အ-ထ-က ဇာသပြင် စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၇)ဦး စုစုပေါင်း (၁၉၇) ဦး ရာခိုင်နှုန်း အားဖြင့်  ၈၉.၅၅% ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)