လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေး

လှိုင်းဘွဲ    ဧပြီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းနှင့် ပထမအကြိမ် ထိုးနှံပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန် ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့်တာဝန်ရှိသူတို့က  ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးခဲ့သော ဒေသနေပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)