မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို

အထက်မင်းလှ ဧပြီ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။

မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှမြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၊ မလွန်အခြေခံပညာ အထက်တန်းကျောင်း၊ လင်းကယ်အခြေခံပညာ အထက်တန်းကျောင်း၊ ရေနံမ အခြေခံပညာအထက်တန်းကျောင်းနှင့် လက်ပံတံခါးအခြေခံ ပညာအထက်တန်းကျောင်းစသည့် စာစစ်ဌာနပေါင်း(၅)ခုဖြင့် ကျင်းပရာ ယနေ့ဖြေဆိုသည့် သမိုင်းဘာသာရပ်တွင် ကျောင်းသား(၆၅)ဦး၊ ကျောင်းသူ(၄၁)ဦး၊ စုစုပေါင်း(၁၀၆)ဦး၊ ရာခိုင်နှုန်းမှာ(၇၉.၇၀)ရာခိုင်နှုန်းတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၇)ဦးရှိပြီး ရာခိုင်နှုန်း အနေဖြင့်(၂၀.၃၀) ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)