ကြံခင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံအားကစားနည်းများ သိရှိတတ်မြောက်စေရန်ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကြံခင်းမြို့နယ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရေး၊ အားကစားဂဏ္ဍဖွံဖြိုးစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့မျိုးဆက်သစ်လူငယ်၊ လူရွယ်များအနေဖြင့် ကိုယ်ကာယကြံ့ခိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး ဖွင့်လှစ်ပေးတဲ့ သင်တန်းကို တက်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြဖို့ ပြောကြားပါသည်။
ဆက်လက်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသား/သူများကို နွေရာသီအားကစားသင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီးနောက် ကြက်တောင်ရိုက်(အမျိုးသား)၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ထိုနောက် နွေရာသီအားကစားသင်တန်း တတ်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများမှ ကြက်တောင်ရိုက်အားကစားနည်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း၊ ကရာတေးအားကစားနည်းများဖြင့် သရုပ်ပြတင်ဆက်သော သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားသို့ တတ်ရောက်လာကြသော မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအဖွဲ့များ၊ သင်တန်းသား/ သင်တန်းသူများ စုပေါင်းမှတ်တမ်း ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)