ထားဝယ် ဧပြီ ၈
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ယနေ့အခမ်းအနားမှူးသင်တန်းသည်ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ အခမ်းအနားများပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်း အနားမှူး ဟုခေါ်ဆိုကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် များမှအခမ်းအနားများတွင်တာဝန်ပေးအပ် လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း နှင့် အခမ်းအနားမှူး အကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက အမှုထမ်း၊ အရာထမ်းများအား အခမ်းအနားမှူး တစ်ယောက်၏ အရည်အချင်းအကြောင်း၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေ အထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည်နည်းလမ်းများအကြောင်း၊ အကြီးအကဲများရှေ့တွင် အရိုအသေပြုရမည့်နည်းလမ်းများအကြောင်းကို ဧပြီ ၉ ရက်နေ့ အထိ စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)