ကနီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေး

ကနီ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်၊အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ ပြည့်နိုင်ငံသားစိစစ်ရေးကဒ်ပြားများ လဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား မြို့နယ်လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ လာရောက်လုပ်ဆောင်သူများအနက်မှ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ၆(က)ပြုလုပ်သူ ကျား ၄ ဦး အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ ပြည့်နိုင်ငံသားစိစစ်ရေးကဒ်ပြား လာရောက်လဲလှယ်သူ ကျား ၃၂ ဦး၊ မ ၁၅ ဦး စုစုပေါင်း ၄၇ ဦး နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံး/ပျက်စီး၍ လာရောက်ပြုလုပ်သူ ကျား ၄ ဦး မ ၇ ဦး စုစုပေါင်း ၁၁ ဦးဆောင်ရွက်ပေးလျက်ရှိရာ အသက် ၁၈နှစ်ပြည့်သူ၊ ၁၀နှစ်မှ ၁၈ နှစ်ပြည့်နှင့် ပျောက်ဆုံး/ပျက်စီး၍ လာရောက်ပြုလုပ်သူ အားလုံးစုစုပေါင်း ၆၂ ဦးကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး တာ၀န်ရှိသူထံမှ သတင်းရ သည်။

မြို့နယ်ပြန် / ဆက်