မြန်အောင် ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက်က ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း စာစစ်ဌာန(၉)ခု၌ သမိုင်းဘာသာရပ်အား စာရင်းရှိ(၅၇၈)ဦးရှိရာ ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၅၂၆)ဦးရှိကာ ပျက်ကွက်သူ (၅၂) ဦးရှိကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၉၁.၀၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် တာဝန်ရှိသူများက သက်ဆိုင်ရာစာစစ်ဌာနများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ်