မြို့သစ် ဧပြီ ၈
၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စာစစ်ဌာ(၂)ခုဖြင့် (သမိုင်း)သာရပ်အား ယနေ့နံနက်(၉)နာရီက ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ အထက(၁)မြို့သစ်၊ အထက ခွဲ မြို့လုလင် စာစစ်ဌာန ၂ခုတွင် သမိုင်းဘာသာရပ်ကို စာရင်းရှိ(၁၉၁)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ၉၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက လုံခြုံရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)