ကျိုက်ဒုံ ဧပြီ ၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်အား အ.ထ.က(ကျိုက်ဒုံ)စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီက သမိုင်းဘာသာရပ်ကို ကျောင်းသားကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အ.ထ.က(ကျိုက်ဒုံ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (အ.ထ.က)ကျိုက်ဒုံမှ ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၂၁) ဦး၊နောင်တမံကျေးရွာ(အ.ထ.က)ခွဲမှ ကျောင်းသား(၄)ဦး၊ကျောင်းသူ(၃)ဦး၊ အဇင်းကျေးရွာ(အ.ထ.က)ခွဲမှ ကျောင်းသား(၇)ဦး၊ ကျောင်းသူ (၃)ဦး၊အလွတ်ဖြေ ကျောင်းသား(၁)ဦး၊ကျောင်းသူ(၅)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၆၃)ဦး ဝင်ရောက် ဖြေဆိုလျက် ရှိသည်။
ကျောင်းသားကျောင်းသူများ (၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့်ဌာနဆိုင်ရာများ၊နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့များ တာဝန်ရှိသူများကအပြင်စည်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်