အင်္ဂပူ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာတွင် လူနေအိမ် ၃ လုံး အမိုးလန်ခဲ့ပြီး လူနေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ကြောင်းနှင့် ဒေါင့်ကြီးကျေးရွာတွင် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာသို့ ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကွင်းကောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး လူ၊ တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)